Terms and Conditions

 

၁။ NearMe ၏ဝန်ဆောင်မှုအသုံးပြုရန် လိုအပ်ချက်များ

 

NearMe ၏ ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် သုံးစွဲသူ အနေဖြင့်အောက်ပါအချက်အလက်များနှင့် ကိုက်ညီမှုရှိရမည်။

  • (က)

    သုံးစွဲသူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

  • (ခ)

    ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူ ဖြစ်ပြီး နိုင်ငံသားစီစစ်ရေးကတ်ကိုင်ဆောင်ထားသူဖြစ်ရမည်။

  • (ဂ)

    NearMe ၏ ဒေသအလိုက် သီးခြားထုတ်ကုန်များကို အသုံးပြုလိုပါက လုပ်ငန်းပိုင်ရှင် (သို့) စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေသူဖြစ်ရမည်။

  • (ဃ)

    NearMe အက်ပလီကေးရှင်းအား မှတ်ပုံတင်ရာ တွင် လက်ရှိနေထိုင်နေသော တိုင်းဒေသကြီး/ ပြည်နယ် ၊ မြို့နယ်များနှင့် လိပ်စာကို တိကျ မှန်ကန်စွာဖြည့်စွက်ပေးရမည် ။

  • (င)

    OTP (တစ်ခါသုံးကုတ်) ပို့ပေးနိုင်ရန် အတွက် NearMe အကောင့်ဖွင့်ရာတွင် အမှန်တကယ် အသုံးပြုနေသော မိုဘိုင်းဖုန်း နံပါတ်ဖြစ်ရမည် ။

 

၂။ NearMe မှ သုံးစွဲသူများအတွက် ထောက်ပံ့ပေးထားသော ဝန်ဆောင်မှုများ

 

  • (က)

    NearMe အကောင့်အတွင်းရှိ လက်ကျန်ငွေပမာဏ ကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကြည့်ရှုနိုင်ခြင်း၊ အသုံးပြုထားသော ဝန်ဆောင်မှုများကို သိရှိလိုပါက ( သို့ ) စစ်ဆေးလိုပါ က NearMe APP အတွင်းရှိ အရောင်းစာရင်း ( Histrory ) သို့ ဝင်ရောက်၍ စစ်ဆေးကြည့်ရှူနိုင်မည်ဖြစ်ပြီး သုံးစွဲသူအနေဖြင့် သီးသန့်မှတ်ထားရန် မလိုအပ်ပါ ။

  • (ခ)

    သုံးစွဲသူများအနေဖြင့် မိမိတို့သုံးစွဲထားပြီးသော (သို့) ရောင်းချထားပြီးသော ဝန်ဆောင်မှုတစ်ခုချင်းစီ၏ အသေးစိတ်အချက်အလက်များအား ပြန်လည်ကြည့်ရှလိုပါက (သို့) စစ်ဆေးလိုပါက NearMe App အတွင်းမှာပင် အချိန်အတိုအတွင်း ပြန်လည်စစ်ဆေးနိုင်မည်ဖြစ်သည်။

  • (ဂ)

    ဝန်ဆောင်မှုတိုင်းအတွက် NearMe မှ ငွေရပြေစာ( SMS_ စာတို) ကို ထုတ်ပေးမည်ဖြစ်ပြီး ငွေလက်ခံရရှိကြောင်း ပြေစာကိုထိန်းသိမ်းထားရန်မှာ သုံးစွဲသူ၏တာဝန်သာဖြစ်သည်။

 

၃။ NearMe ၏ ဝန်ဆောင်မှုများအတွက် စည်းကမ်းချက်များနှင့်ကန့်သတ်ချက်များ

 

ဤ စည်းကမ်းချက်များ နှင့် ကန့်သတ်ချက်များသည် NearMe သုံစွဲသူအကြားတွင် ဝန်ဆောင်မှုပေးသော NearMe services(သို့) ထုတ်ကုန်များ နှင့်ပတ်သက်၍ အကျုံးဝင်သက်ဆိုင်ခြင်းရှိမည်ဖြစ်သည်။

  • (က)

    သုံးစွဲသူများအနေဖြင့် NearMe၏ ဝန်ဆောင်မှုအား ဥပဒေနှင့်မလွတ်ကင်းသောငွေကြေးဆိုင်ရာကိစ္စရပ်များအတွက် အသုံးပြုနေ သည်ဟု တွေ့ရှိရပါက ဝန်ဆောင်မှုအားရပ်ဆိုင်းမည်ဖြစ်ပြီး သက်ဆိုင်ရာမှအရေးယူမှုများ နှင့်ပတ်သတ်၍ NearMe မှ တာဝန်ယူမည်ဖြေရှင်းမည်မဟုတ်ပါ ။

  • (ခ)

    သုံးစွဲသူတစ်ဦးဦးက မသမာမှု တစ်မျိုးမျိုးကိုဖြစ်စေ ၊ အခြား သံသယဖြစ်ဖွယ် ပြစ်မှု တစ်ခုခုကို ကျုးလွန်သည်ဟု စစ်ဆေးတွေ့ရှိပါက NearMe Team အနေဖြင့် ထိုအကောင့်အား ရပ်စဲထားပိုင်ခွင့် ( သို့) အပြီးတိုင်ပိတ်ထားပိုင်ခွင့်ရှိသည်။

  • (ဂ)

    သုံးစွဲသူသည် မိမိနှစ်သက်ရာ အော်ပရေတာ၏ Mobile number တစ်ခုအား အသုံးပြု၍ မည်သည့်အချိန်တွင်မဆို NearMe account တစ်ခုတည်းသာ မှတ်ပုံတင်အသုံးပြုခွင့်ရှိသည်။ မိမိအသုံးပြုနေသော NearMe Account ၏ User ID နှင့် Password များအား တစ်ခြားသူတစ်ဦးအား လွှဲပြောင်း ပေးအပ်ခြင်း ကို (လုံးဝ) ခွင့်မပြု။

  • (ဃ)

    မိမိသဘောဆန္ဒ အလျောက် NearMe Account ၏ User ID နှင့် Password များအား လွှဲပြောင်းပေးအပ်ပြီးနောက် အငြင်းပွားဖွယ်ရာများ ၊ မသင်္ကာဖွယ်ရာများ (သို့) ငွေကြေးဆိုင်ရာ လိမ်လည်မှုများဖြစ်ပေါ်လာပါ NearMe မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ ။

  • (င)

    NearMe ၏ ဝန်ဆောင်မှုကိုအသုံးပြုရာတွင် ကျေနပ်မှုတစ်စုံတစ်ရာ မရရှိခဲ့လျှင်(သို့) ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အကြံပြုလိုလျှင် NearMe Call Centre သို့ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

  • (စ)

    NearMe အနေဖြင့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိင်ရန် အတွက် သုံးစွဲသူ၏ကိုယ်ရေးအချက်အလက်များကို ကောက်ယူခြင်း ဖြစ်သည်။ ကောက်ယူသော (သို့) ဖြည့်စွက်ရမည် ဖြစ်သော အချက်အလက်များပြည့်စုံစွာ မပါရှိပါက NearMe ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် မဟုတ်ပါ။

  • (ဆ)

    NearMe အကောင့်အတွင့်းသို့ ငွေဖြည့်သွင်းရာတွင် သုံးစွဲသူ၏ NearMe Partner Code/Name စသည့် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ရမည်။

  • (ဇ)

    NearMe app မှတစ်ဆင့် ဖုန်းငွေဖြည့်ကတ်များ၊အခြားသော ထုတ်ကုန် နှင့် ဝန်ဆောင်မှုများအား ရောင်းချရာတွင် လည်ကောင်း (သို့)ရောင်းချရာတွင်လည်းကောင်း မိမိဖြည့်သွင်းလိုသော ဖုန်းနံပါတ်၊အော်ပရေတာအမျိးအစား နှင့် ထုတ်ကုန်အမျိုးအစားကို တိကျသေချာစွာရွေးချယ်ရမည်။သုံးစွဲ သူအနေဖြင့်ဖုန်းနံပါတ်မှား၍သော်လည်းကောင်း၊ အော်ပရေတာမှား၍ သော်လည်းကောင်း ၊ဝန်ဆောင်မှု မှားယွင်းခြင်းများကိုNearMe မှတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

  • (ဈ)

    သုံးစွဲသူ အသုံးပြုခဲ့ပြီးသော အရောင်းအကြောင်းများ (Transactions)များကို (၁)နှစ်အထိ NearMe APP မှတစ်ဆင့် စစ်ဆေးရယူနိုင်မည်ဖြစ်ပြီး ၊ (၁) နှစ်ထက်ပိုသောအရောင်းအကြောင်းများအတွက် Statement ရယူလိုပါက လိုအပ်သည့် စာရွက်စာတမ်းများတင်ပြ၍ တောင်ခံနိုင်မည်ဖြစ်သည်။တောင်းဆိုထားသော

  • (ည)

    Transaction Statement (အရောင်းအကြောင်း) များကို ရယူလိုပါက ၁ လစာ အတွက် ငွေ ၁,၀၀၀ ကျပ်နှုုန်းဖြင့် ကောက်ခံမည်ဖြစ်ပြီး Excel ဖိုင်နှင့် Soft Copy ရယူနိုင်မည်ဖြစ်သည်။

  • (ဋ)

    သုံးစွဲသူများအနေဖြင့် MPU ကတ်များမှတစ်ဆင့် ငွေဖြည့်သွင်းရာတွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက သက်ဆိုင်ရာ ဘဏ်များသို့ ဦးစွာဆက်သွယ် အကြောင်းကြားပေးရမည်။သက်ဆိုင်ရာ ဘဏ်မှ ဘဏ် Statement အတွက်ပြက္ခဒိန်ရက် ( ၁) ရက်စောင့်ဆိုင်းပေးရမည်ဖြစ်ပြီး ၊ NearMe အကောင့်အတွင်းသို့ ပြက္ခဒိန်ရက် (၃)ရက် အတွင်း ငွေပြန်ဖြည့်သွင်းပေးမည်ဖြစ်ပါသည်။

 

၄။ NearMe အကောင့်များအား ပိတ်သိမ်းခြင်း၊ရပ်စဲခြင်း။

 

  • (က)

    ရက်ပေါင်း (၁၈၀) တိုင် သုံးစွဲခြင်းမရှိသော NearMe အကောင့်များအား သက်ဆိုင်ရာ ပါတနာများသို့ ဆက်သွယ်အကြောင်းကြားခြင်း မပြုလုပ်ပဲ အကောင့်အားပိတ်သိမ်းမည်ဖြစ်သည်။

  • (ခ)

    NearMe app အား စတင်မှတ်ပုံတင်ချိန်မှ စ၍ ရက်ပေါင်း (၉၀) အတွင်းငွေဖြည့်သွင်းထားခြင်းမရှိသော (သို့) မည်သည့် ဝန်ဆောင်မှုကိုမျှ သုံးစွဲထားခြင်းမရှိသော အကောင့်များအား အကြောင်းကြားခြင်းမပြုလုပ်ပဲ အကောင့်အား ပိတ်သိမ်းမည်ဖြစ်သည်။

  • (ဂ)

    NearMe၏ ဝန်ဆောင်မှုများအား ရက်ပေါင်း (၉၀)ကျော်ပြီးနောက်ပိုင်း အသုံးပြုခြင်းမရှိပါက တစ်လလျှင် ၅၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်သည်။NearMe ဝန်ဆောင်မှုများအားပြန်လည်သုံးစွဲသည့်လတွင်ကောက်ခံခြင်းပြုလုပ်မည်မဟုတ်ပါ (သို့) ပြန်လည်သုံးစွဲခြင်းမရှိပါက NearMe အကောင့်အား အပြီးတိုင်ပိတ်သိမ်းသွားမည်ဖြစ်သည်။

 

၅။ NearMe မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းချက်များ ပြင်ဆင်ခြင်း

 

  • (က)

    သုံးစွဲသူ (သို့) ကုမ္ပဏီ၏ လုံခြုံရေးဆိုင်ရာ မူဝါဒများ ကို သတ်မှတ်ထားသော စံနှုန်းများနှင့် အညီ အခါ အားလျော်စွာ NearMe Team မှ ပြင်ဆင်ပြောင်လဲခွင့်ရှိသည်။

  • (ခ)

    ပြင်ဆင်ပြောင်းလဲလိုက်သော မူဝါဒများ(သို့) အချက်အလက်များအား NearMe Team နှင့် သုံးစွဲသူများထိတွေ့ဆက်ဆံနေသော ဆက်သွယ်ရေး လမ်းကြောင်းများမှ တစ်ဆင့် အသိပေးသွားမည်ဖြစ်သည်။

 

၆။ NearMe အက်ပလီကေးရှင်းအားရယူအသုံးပြုနိုင်မှု

 

  • (က)

    NearMe အက်ပလီကေးရှင်းအား Play Store ၊ App Store တို့မှ အခမဲ့ ဒေါင်းလုတ်ရယူနိင်သည်။

  • (ခ)

    NearMe မိုဘိုင်း အက်ပလီကေးရှင်းပါဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်ရန် သုံးစွဲသူအနေဖြင့် မိမိတို့ အသုံးပြုမည့် စမတ်ဖုန်းများတွင်း မိုဘိုင်းအက်ပလီကေးရှင်းအသုံးပြုနိုင်ရန် ထောက်ပံ့ပေးနိုင်သည့် သင့်လျော်သော နည်းပညာ လိုအပ်သည်။

  • (ဂ)

    NearMe ၏ ဝန်ဆောင်မှု များအကြောင်းသိလို၍ ဖြစ်စေ ၊ မိုဘိုင်း အက်ပလီကေးရှင်းအား ဒေါင်းလုတ်ပြုလုပ်ရတွင်ဖြစ်စေ ၊ မှတ်ပုံတင်ရာတွင်ဖြစ်စေ (သို့) အခြားသော NearMe နှင့် ပတ်သတ်၍ အထွေထွေ မေးမြန်းစုံစမ်းမှုများပြုလုပ်လိုပါက ပိတ်ရက်မရှိ ၂၄ နာရီ ဝန်ဆောင်မှု ဌာန ( ဖုန်းနံပါတ် ၀၉-၇၉၅၀၇၀၁၁၁ ) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

၇။ မူပိုင်ခွင့်ဆိုင်ရာ စည်းကမ်းများ

 

  • (က)

    NearMe LOGO (သို့) မူပိုင်ထုတ်ကုန်များအား ပြုပြင်ပြောင်းလဲ၍ သော်လည်းကောင်း၊ ကုမ္ပဏီနှင့် သုံးစွဲသူများအကြား ထင်ယောင်ထင်မှားဖြစ်စေရန် တမင်ရည်ရွယ်၍ သော်လည်းကောင်း၊ ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ရည်ရွယ်လုပ်ဆောင်ခြင်းများ ပေါ်ပေါက်လာပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူခြင်းခံရမည်။

  • (ခ)

    အက်ပလီကေးရှင်းပါ အမှတ်တံဆိပ်အားလုံး (သို့) အချက်အလက် အားလုံးတို့သည် NearMe နှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ မူပိုင်ပစ္စည်းများသာဖြစ်ပြီး သတင်းအချက်အလက် ရယူနိုင်ခြင်းမှ အပ ဆော့ဖ်ဝဲကို နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများ (သို့) ပုံတူ ကူးယုူခြင်းများ မပြုလုပ်ရ

Get our App