Help FAQ

Help Desk/FAQ

NearMe ဆိုတာဘာလဲ။

မင်္ဂလာပါ…
NearMe ဆိုတာ Digital ကုန်စုံဆိုင်ဖြစ်ပါတယ်။
NearMe မှ ဖုန်းငွေဖြည့်ကဒ် ၊ ဂိမ်းနှင့် အခြားငွေဖြည့်ကဒ်များဝယ်ယူခြင်း၊သက်တမ်းတိုးခြင်း၊
အင်တာနက် WIFI နှင့် ချေးငွေများလစဉ်ကြေးပေးသွင်းခြင်း၊Solor Home Package၊
Data Package ဝယ်ယူခြင်း နှင့် မိမိဆိုင်အတွက် ကုန်ပစ္စည်းဖြည့်တင်းရန် NearMeZay
စတဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို အလွယ်တကူရောင်းချနိုင်မှာဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ စတင်ဖို့အတွက်ဆိုရင် NearMe အကောင့်ထဲ
ငွေတစ်သောင်းကျပ်ကနေ စတင်ဖြည့်သွင်း အသုံးပြုနိုင်ပါပြီရှင်။

NearMe account သို့ငွေဖြည့်သွင်းနည်း

လူကြီးမင်းအနေနဲ့ NearMe အကောင့်ထဲသို့အောက်ပါနည်းလမ်းများဖြင့် ငွေဖြည့်သွင်းနိုင်ပါတယ်ရှင်။

  1. ဘဏ်များမှတဆင့် ငွေဖြည့်သွင်းချင်ပါက (လူကိုယ်တိုင်သွားရောက်၍သော်လည်းကောင်း
    Mobile Banking/ Internet Banking ဖြင့်သော်လည်းကောင်း ) ဖြည့်သွင်းနိုင်ပါတယ်။
  2. MPU Card ဖြင့်ငွေဖြည့်သွင်းခြင်း ( Service Fee အနေဖြင့် Transaction တစ်ကြောင်းစာအတွက်
    ၂ဝဝကျပ် ပေးရမှာဖြစ်ပါတယ် )
    မှတ်ချက်။ ။ MPU ကဒ်ကို သက်ဆိုင်ရာဘဏ်တွင် ဦးဆုံး e-Commerce လျှောက်ထားပြီးမှသာလျှင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
  3. နီးစပ်ရာ NearMe Partner ဆိုင်များတွင် NearMe + ဖြင့် ငွေဖြည့်သွင်းခြင်း၊
  4. 123 Service ဖြင့် ငွေဖြည့်သွင်းခြင်း၊
    (KBZ Pay,True Money, Sai Sai Pay, OK$, CB Pay, AYA Pay…)

Agent လုပ်ချင်လို့ ဘာတွေလိုမလဲ။

NearMe ရဲ့ဝန်ဆောင်မှုလေးတွေကို ဖုန်း (သို့) POS စက်လေးနဲ့ရောင်းချနိုင်ပါတယ်ရှင်။
ဖုန်းနဲ့ရောင်းချလိုပါက အောက်ပါ link လေးမှာ download လုပ်ယူနိုင်ပါတယ်ရှင့်။
https://play.google.com/store/apps/details?id=com.nme.onestop
POS စက်လေးနဲ့ရောင်းချလိုပါက အသေးစိတ်ရှင်းပြပေးရမှာလေးတွေ ရှိတာကြောင့် NearMe Hotline 09795070111 သို့
နံနက် (၉) နာရီ မှ ည (၉) နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။